Loading...
5/30/14

အများစု မသဲကွဲသေးတဲ့ E-Commerce ဝဘ်ဆိုဒ်နဲ့ ကြော်ငြာ ဝဘ်ဆိုဒ်


မြန်မာပြည်မှာ လက်ရှိ E Commerce နဲ့ Classified Website ကို သေချာ ခွဲခြားဖို့ ခက်ခဲနေသူတွေ များစွာ ရှိပါတယ်။ E-Commerce ဆိုတာ  ငွေကြေး အလွဲအပြောင်း စနစ် ပါဝင်တဲ့ စီးပွားရေး ဆိုင်ရာ ဝဘ်ဆိုဒ် ဖြစ်ပါတယ်။


ဒီအတွက် Banking System တွေနဲ့ ချိတ်ဆက် ထားရပြီး ပစ္စည်း အော်ဒါ မှာယူခြင်း နဲ့ ငွေပေးချေ ခြင်းကို အွန်လိုင်းမှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ မိမိ ဝယ်ယူ မှာယူတဲ့ ပစ္စည်းကို အပြင်မှာ ရရှိမှာ ဖြစ်ပြီး ယင်း ဝဘ်ဆိုဒ်ကို E-Commerce ဝဘ်ဆိုဒ်လို့ ခေါ် ပါတယ်။ အဲ့ဒီမှာ လက်လီ၊ လက်ကား၊ စီးပွားရေး လုပ်ငန်းရှင်မှ စီးပွားရေး လုပ်ငန်းရှင်၊ စီးပွားရေး လုပ်ငန်းရှင်က စားသုံးသူ၊ စားသုံးသူမှ စားသုံးသူ၊ အစရှိသဖြင့် အမျိုးမျိုး ကွဲပြား နေပါ သေးတယ်။ ယင်း စနစ်ရဲ့ အဓိက အခြေခံ လိုအပ်ချက်က အွန်လိုင်း ငွေပေးချေမှု ဖြစ်ပြီး Payment system တစ်ခုနဲ့သာ ချိတ်ဆက်လိုက်နိုင်ရင် E-Commerce ဝဘ်ဆိုဒ် ဖြစ်ပါပြီ။ အီလက်ထရောနစ် စီးပွားရေး စနစ် အပြည့်အဝ သုံးထားတာ နဲ့ မသုံးထားတာနဲ့သာ ပါပြီ။ ဥပမာ ဖေ့စ်ဘွတ် တို့လိုမျိုး ဝဘ်ဆိုဒ်တောင် အီလက်ထရောနစ် စီးပွားရေး စနစ် တစ်စိတ် တစ်ဒေသ ပါဝင်နေခြင်း ဖြစ်ပါ တယ်။ www.kaymu.com.mm ဆိုရင် အီလက်ထရောနစ် စီးပွားရေး ပြုလုပ်တဲ့ ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပါတယ်။

အကယ်၍ ယင်း စနစ် လုံးဝ မပါဘူး ဆိုရင် သာမန် ဝဘ်ဆိုဒ်သာ ဖြစ်ပြီး သူ Update ပြုလုပ်တဲ့ အမျိုးအစားအလိုက် ကွဲပြားသွားမှာ ဖြစ်ပါတယ်။ သတင်းမီဒီယာ၊ ဖျော်ဖြေရေး အစရှိသဖြင့်တို့ ကွဲပြားခြင်း ဖြစ်ပါတယ်။ အွန်လိုင်းငွေချေမှု လုံးဝ မပါပေမယ့် သူနဲ့ ပုံစံ တူတယ်လို့ ထင်မှား နေကြတဲ့ Classified ဝဘ်ဆိုဒ်များ ဖြစ်ပါတယ်။ သူကျတော့ ကြော်ငြာ သီးသန့် ဝဘ်ဆိုဒ်မျိုး ဖြစ်ပါတယ်။ ငွေချေမှု စနစ် လုံးဝ မပါဝင်ပဲ ကြော်ငြာ ကြည့်ပြီး User အချင်းချင်း ဆက်သွယ် သွားကြတဲ့ စနစ် ဖြစ်ပါတယ်။ ဥပမာ www.motors.com.mm တို့လို ဝဘ်ဆိုဒ် မျိုး ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ E Commerce ဝဘ်ဆိုဒ်နဲ့ ကြော်ငြာ ဝဘ်ဆိုဒ် ကွဲပြားမှုကို အခြေခံ အားဖြင့် သိရှိပြီလို့ မျော်လင့် ပါတယ်။
.

0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP