Loading...
2/2/14

WWE ၏ လက်ရှိ အခြေအနေအကြောင်း တစ်စေ့ တစ်စောင်းနှင့် WWE ပွဲ TV Show များ စုစည်းမှု

WWE.png

ကျွန်တော်တို့ WWE SmarKDown တို့ RAW တို့ ဆိုတာ ငယ်စဉ်ကတည်းက ကြည့်ဖူးမြင်ဖူးကြပါတယ်.. Game များ မှာလည်း ပျော်ရွှင်နှစ်ခြိုက်စွာ ဆော့ကစားဖူးကြပါတယ်..
တချို့လည်း မသိသေးတဲ့ သူများ | WWE နဲ့ အလှမ်းဝေးနေပြီး အခု လက်ရှိ အခြေ အနေများကို မသိသေးတဲ့ သူများကို | အပတ် စဉ် မကြည့်ဖြစ်တဲ့ သူများကို WWE ရဲ့ လက်ရှိ အခြေအနေကို အကျဉ်းချုံ့ ဖော်ပြပေးပြီး ယခင် January လ ရဲ့ TV Series ပေါင်း ချုပ်ကို တင်ပေးလိုက်ပါတယ်..

WWE ဆိုတာက ဘာလဲ ?
WWE ဆိုတာက World Wrestling Entertainment ရဲ့ အတိုကောက်ဖြစ်ပါတယ်..
၎င်း WWE ဟာ Wrestling ပုံစံ တိုက်ခိုက်ရတဲ့ ပွဲတွေကို ကျင်းပ ဖော်ပြပေးတဲ့ Company တစ်ခုဖြစ်ပါတယ်...
၎င်း Company ကို Toots Mondt နဲ့ Jess McMahon  တို့ နှစ်ယောက် January 7, 1952 မှာ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ CEO ကတော့ Vince McMahon ဖြစ်ပါတယ်..

၎င်း WWE Company ကနေ WWE, WCW, ECW, AWA, WCCW စတဲ့ Titles တွေ အလိုက် Wrestling ပွဲတွေ ထုတ်လွှင်ပြသ ကျင်းပ ပေးပါတယ်...

Wrestling ပုံစံ တိုက်ခိုက်တဲ့ Entertainment ကို WWE Company တစ်ခုထဲကပဲ ကျင်းပတာ မဟုတ်ပါဘူး.. iMPACT အစရှိတဲ့ Company ကလည်း Wrestling ပုံစံ တိုက်ပွဲများကို ကျင်းပ  ပေးထားပါသေးတယ်.. ဒါပေမဲ့ ကျန်တဲ့ Company တွေဟာ Management မကောင်းတဲ့ အတွက် WWE လောက် အောင်မြင်မှု မရ ခဲ့ကြပါဘူး..

WWE Company ဟာ RAW , Smack Down, WWE Main Event, WWE Superstars, WWE Total Divas ဆိုပြီး နာမည် များနဲ့ ကျင်းပ ဖျော်ဖြေ ပေးပါတယ်...

အပတ်စဉ် Monday Night (တနင်္လာနေ့ည) မှာ RAW ကျင်းပပြီး.. Friday Night (သောကြာနေ့ည) မှာ Smack Downကို ကျင်ပ ပါတယ်..  WWE Main Event များကို ရံဖန်ရံခါ  Wednesday နေ့ များမှာ  ကျင်ပလေ့ ရှိပြီး.. Superstars များဟာ တိုက်ပွဲမဟုတ်တော့ပဲ ၀င်ရောက်ယှဉ်ပြိုင်သူများ အထဲမှ WWE Universe(ပွဲ ကြည့် ပရိတ်သတ်) က ရွေးချယ်ပေးထားတဲ့ သူများဖြစ်ပါတယ်.. WWE Total Divas ဟာ အမျိုးသမီးများ သာ ယှဉ်ပြိုင်တဲ့ ပွဲ ဖြစ်ပြီး Monday Night နဲ့ Friday Night တို့မှာ ကြားညှပ် ယှဉ်ပြိုင်လေ့ ရှိပါတယ်...  ပွဲကြီး| ပွဲကောင်းများ Main Event အကြီးစားများကိုတော့ Saturday, Sunday တို့မှာ ယှဉ်ပြိုင်လေ့ ရှိပါတယ်..
 WWE Total Divas ရဲ့ လက်ရှိ  Divas ချန်ပီယံ ကတော့  အမျိုးသမီး Superstar - AJ Lee AJ Lee Bio, Videos, Photos, and News Articles  ဖြစ်ပါတယ်..

အခုလက်ရှိ အမျိုးသမီး Divas ချန်ပီယံလိုပဲ အမျိုးသား ချန်ပီယံကတော့  Randy Orton  Randy Orton Bio, Videos, Photos, and News Articles

ပါ.. သူက ရတောင့် ရခဲ ဖြစ်တဲ့ WWE ရော, World Heavy Weight Champion ခါးပတ် နှစ်ခု စလုံးကို လက်ရှိပိုင်ဆိုင်ထာသူဖြစ်ပါတယ်..

၎င်း Randy Orton ဟာ John Cena John Cena Bio, Videos, Photos, and News Articles  ဆီကနေ World Heavy Weight Champion ခါးပတ်ကို ရယူထားပြီး ခါးပတ် ၂ ခု ပိုင်ဆိုင်ထားသူဖြစ်ပါတယ်..

တကယ်တော့ Randy Orton ဟာ Triple H   ရဲ့ တပည့်ဆိုလဲ မမှားပါဘူး.. Triple H ဟာ အခု လက်ရှိမှာ COO [Chief Operating Officer] ဖြစ်နေတာ မို့ သူ့ တပည့် Randy Orton ကို ခါးပတ်ရအောင် Triple H ရဲ့ ဇနီး Stephanie McMahon ကလည်း အားပေးနေတာမို့  အခု လက်ရှိမှာ Champion ဖြစ်နေပါတယ်..

Triple H ဟာ လက်ရှိ အချိန်မှာ COO ဖြစ်နေတာကိုတော့ မေးစရာ မလိုတော့ဘူးထင်ပါတယ်.. Stephanie McMahon ကို လက်ထပ်လိုက်မှတော့ McMahon မျိုးဆက်ကထောင်ထားတဲ့ WWE Company မှာ နေရာရလာတာ မဆန်းပါဘူး..

Randy Ortan ခါးပတ်ရတဲ့ History ကို ကြည့်မယ်ဆိုရင် Triple H ဟာ ညစ်ပတ်ပြီး ရယူပေးခဲ့တာ များပါတယ်.. Randy Orton မှာ ခါးပတ်ရနိုင်တဲ့ အရည်း အချင်း ပြည့်မီဖို့ အများကြီး လိုအပ်ပါသေးတယ်.
Randy Orton ရဲ့ အဓိက ရန်ငြိုးထား ပြိုင်ဖက် ကတော့  John Cena လို့ပဲ ဆိုရမှာပါ.... တစ်ခါလာလဲ John Cena နဲ့ ပဲ ပြဿနာ ဖြစ်ရတာ ဖြစ်ပြီး  2007 မှာ တစ်ကြိမ်.. 2014 မှာ. တစ်ကြိမ် John Cena ရဲ့ အဖေ (John Cena Sr.) ကိုတောင် Randy Orton က တိုက်ခိုက် ရိုက်ချိုးခဲ့သေးတာ ဖြစ်ပါတယ်..

ဒါပေမဲ့ WWE company ရဲ့ COO ဖြစ်တဲ့ Triple H က Randy Orton အပေါ် ဘာမှ အထွေအထူး အရေးယူ ခြင်း မရှိခဲ့ပါဘူး.. John Cena သာ လွှတ်ပေးပြီး ပြန်လည်တိုက်ခိုက် ခဲ့တဲ့ အတွက် Randy Orton ဟာ ထွက်ပြေးသွားပြီး လွတ်မြောက်သွားပါတယ်..

ဒါပေမဲ့ အခု 2014 Royal Rumble ပွဲမှာ John Cena နဲ့ Randy Orton တို့ကို WWE World Heavy Weight Championship ပွဲ ကျင်းပပြီး ယှဉ်ပြိုင်စေပေမဲ့ The Wyatt Family က Randy Orton ရှုံးလု ဖြစ်နေစဉ်မှာ လာရောက်ပြီး John Cena ကို တိုက်ခိုက်ခဲ့တာမို့ Randy Orton ကသာ အနိုင်ရ ခဲ့ပြီး  အခု လက်ရှိ January 2014 အထိ WWE ခါးပတ်ရော World Heavyweight Champion ခါးပတ်ရော ရယူထားဆဲ ပဲဖြစ်ပါတယ်..

သို့ပေမဲ့ မကြာခင် ကျင်းပမဲ့ 2014 Elimination Chamber ပွဲမှာ Randy Orton Randy Orton Bio, Videos, Photos, and News Articles က John Cena John Cena Bio, Videos, Photos, and News Articles , Daniel Bryan Daniel Bryan Bio, Videos, Photos, and News Articles , Sheamus Sheamus Bio, Videos, Photos, and News Articles , Antonio Cesaro Antonio Cesaro Bio, Videos, Photos, and News Articles  နဲ့ Christian Christian Bio, Videos, Photos, and News Articles  6 ဦးတို့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်..

Photo of Elimination Chamber competators
၂၀၁၄ February 24 လတွင် ကျင်းပမည့် Elimination Chamber တွင် ပါဝင်မည့်သူများ..

၎င်း လှောင်ချိုင့်ပွဲ နိုင်တဲ့ သူဟာ Wrestle Mania မှာ 2014 30 Man Royal Rumble Winner - Batista Batista Bio, Videos, Photos, and News Articles နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်.. 

Photo of 2014 Royal Rumble Winner -  Batista
2014 Royal Rumble Winner -  Batista - Royal Rumble ပွဲတွင် အောင်နိုင်ပြီး အောင်ပွဲ ခံနေစဉ်


ဒါကြောင့်မို့ ပွဲကြီး ပွဲကောင်းတွေကို ဆက်ပြီး လာဦးမှာ ဖြစ်လို့ စောင့် ကြည့် ရဦးမှာ ဖြစ်ပါတယ်... 

WWE ဟာ တိုက်ခိုက်ပွဲ ဖြစ်ပေမဲ့ ဘာကြောင့် လူကြိုက်များ အောင်မြင်နေရတာလဲ သင်သိပါသလား ??

သူဟာ ဘောလုံးပွဲလိုပဲ ဖြစ်ပြီး Mission တစ်ခုခုပြီး တစ်ခု ဖြတ်သန်း နေလို့ ပါ.. ဘောလုံးပွဲများဟာ Champion ဖလားကို တစ်လုံးပြီး တစ်လုံး လုရသလို ပါပဲ.. နှစ်စဉ်..  စိတ်ဝင်စား ဖွယ်ရာများနဲ့ Event များပါဝင်ပါတယ်.. သာမန် ကြည့်တဲ့ သူများဟာ လက်ဖြန်နဲ့ ရိုက် | တံတောင်နဲ့ ထောင်း| ညစ် | ခြေနှင့်ကန် | Smack သုံး စသည်တို့သာ မြင်ရပေမဲ့ အဲ့လို ထူးဆန်းသော Wresteling တိုက်ခိုက်ခြင်းများကို သေချာ ကြည့်လျှင် နှစ်စ မှ နှစ်ဆုံး အထိ Event များ နဲ့ လာပါတယ်..

01) Royal Rumble >>30 Man ဖြစ်ပြီး စင် ပေါ်မှ တွန်းချရသောပွဲ
02) Elimination Chamber >> လှောင်ချိုင့်တွင်းတိုက်ခိုက်ပွဲ
03) WrestleMania >> WWE ရဲ့ Main Event များနှင့် ကမ္ဘာ အကြီးဆုံး ဖျော်ဖြေသောပွဲ
04) Extreme Rules >>  အပြင်းအထန် တိုက်ပွဲ
05) WWE Payback >> အကျေပွဲ
06) Money in the Bank >> ပိုက်ဆံသေတ္တာပုံးကို တွဲလောင်းချထားသည်ကို လုရသောပွဲ
07) SummerSlam >>
08) Night of Champions >> Champion တို့ အချင်းချင်း တိုက်ပွဲ
09) WWE Battleground >>
10) WWE Hell in a Cell >> Cell ထဲမှာ ချင်တဲ့ ပွဲ
11) Survivor Series >>
12) WWE TLC: Tables, Ladders & Chairs >> စားပွဲ | ကုလားထိုင် | လှေကားတို့သုံးပြီး ချတဲ့ ပွဲ ဖြစ်



စသည်ဖြင့် တစ်နှစ်မှာ စိတ်ဝင်စားဖွယ် Event ပေါင်း ၁၂ ခု နဲ့ လည်ပတ်နေပါတယ်... ဒါကြောင့် အဲ့ဒီလို လည်ပတ်နေတဲ့ အတွက် WWE ဟာ အောင်မြင် နေတာလဲ ဖြစ်ပါတယ်... ၄င်း ပွဲကြီးပွဲကောင်းများကိုတော့ Sunday , Saturday တို့မှာ ယှဉ်ပြိုင် စေလေ့ ရှိပါတယ်.. ၄င်း Main Event များဟာ No Disqualification များ ဖြစ်ကြပြီး   Qualify ဖြစ်မဖြစ်သတ်မှတ် မထားပါဘူး.. အားလုံး ၀င်ရောက် ဆော်ကြ တီးကြတဲ့ ပွဲလည်း ဖြစ်ပါတယ်..

အဲ့ဒီလို Event Day တွေ ရှိပြီ ဆိုရင် WWE ပွဲကို ကြည့်တဲ့သူ အရေ အတွက် ဟာ သာမန်ထက် ၂ ဆ ၃ ဆ လောက် များပြီး American ရဲ့ Watch List တွေရဲ့ ထိတ်ဆုံးမှာ အမြဲ ရှိနေတတ်ပါတယ်...

သင့် အနေနဲ့ လည်း ပွဲ ကြီး | ပွဲကောင်းများကို လက်လွတ် မခံ ရအောင် ကျွန်တော်တို့ ShweMOOVi ကလည်း တစ်ဆင့် ပြန်လည် အပတ်စဉ် နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်..

သင့် အနေနဲ့ WWE TV Show များကို စိတ်ဝင်စားလို့ ကြည့်ချင်ပါက ပွဲကြီး ပွဲကောင်းများနဲ့ Event တော်တော် များများကို ShweMOOVi မှာ  တင်ပေးထားပါတယ်.. နောက်လဲ တင်ပေးသွားမှာ ဖြစ်ပါတယ်.. အောက်မှာ ကြိုက်တာကို ကြည့်ပြီး ဒေါင်းနိုင်ပါတယ်.. အခု လက်ရှိ ဒေါင်းသမား အများဆုံးကိတော့ Royal Rumble Part 2 ပါ... Batista ပြန်ရောက်လာပြီး 30 Man Royal Rumble မှာ နိုင်တဲ့ ပွဲ သီးသန့်ပါ.. 30 Man ကတော့ သိမယ် ထင်ပါတယ်.. အောက်ကို ဆွဲတွန်းရတာပါ..  Royal Rumble Part 1 မှာတော့  Brock Lesnar Brock Lesnar Bio, Videos, Photos, and News Articles Vs Big Show  , Randy Ortan Vs John Cena, စတဲ့ ပွဲတွေ ပါပါတယ်.. အောက်မှာ နှစ် သက်ရာ ဒေါင်းနိုင်ပါတယ်..


::DOWNLOAD PORTION For WWE Series::

[Download Link သေ ၊ မသေ သိရန် အောက်က ပုံ ကို Click ကြည့်နိုင်ပါတယ်။ New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး Download Now Button ကို နှိပ်ပြီး အောက်မှ ပေါ်လာသော Table မှ ကြိုက်နှစ်သက်ရာ Download Links များမှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်]
Really thanks to Script Developer - Ko Thi Ha
 

Download Now
WWE Event Name Download Link Date
Friday Night SmackDown Download 2014/01/10
Monday Night Raw Download 2014/01/13
WWE Main Event Download 2014/01/15
Friday Night SmackDown Download 2014/01/17
Monday Night Raw Download 2014/01/20
*Royal Rumble 2014* Download 2014/01/26 (Sunday)
Monday Night Raw Download 2014/01/27
Friday Night SmackDown Download 2014/01/31

[Download Link ကို နှိပ်ကြည့်၍ Download Link ကျ မလာလျှင် Right Click ဖြင့် Open In New Tap ဖွင့်ကာ Download ပြုလုပ်ဖို့ မမေ့ရန် သတိပေးအပ်ပါသည်။]



Download File

1 မှတ်ချက်များ:

  1. Thank so much. I like WWE. Upload next next episode. So So like this page

    ReplyDelete

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP