Loading...
12/22/13

Android တွေအတွက် ဖုန်းဘေ စစ်ပေးမဲ့ MPT Bill Check


ဆော့ဖ်ဝဲထဲ ၀င်စရာမလို icon နှိပ်ရုံနဲ့  ဖုန်းဘေစစ်ပေးမဲ့ MPT Bill Check ဆိုတဲ့
app ကောင်းလေးတစ်ခုပါ။

မြန်မာ့ဆက်သွယ်ရေးရဲ့ GSM/CDMA ဖုန်းတွေကို ကိုင်ဆောင်နေတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် အသုံးဝင်မယ့် Android ဖုန်းဆော့ဝဲလေးတစ်ခုထပ်မံထုတ်ဝေပေးလိုက်ပါတယ်။ ဒီ application ကိုတော့ MPT Bill Check လို့နာမည်ပေးထားပါတယ်။ ဖုန်း Bill ဘယ်လောက်ကျန်သေးလဲဆိုတာကိုစစ်ပေးမယ့် ဆော့ဝဲဖြစ်ပါတယ်။ အခြားသော ဖုန်း Bill စစ်တဲ့ဆော့ဝဲတွေနဲ့မတူတဲ့အချက်က ဒီဆော့ဝဲလေးရဲ့ icon ကိုနှိပ်လိုက်တာနဲ့ ဆော့ဝဲက ဖုန်း Bill ဘယ်လောက်ကျန်သေးတယ်ဆိုတာကိုပြသပေးမှာဖြစ်ပါတယ်။ ဆော့ဝဲထဲတောင်ဝင်ပြီး ခလုတ်နှိပ်စရာမလိုပါဘူး ။ MPT Bill Check နဲ့ ဖုန်း Bill စစ်ပြီးသွားတာနဲ့ ဖုန်းရဲ့ Home Screen ပေါ်မှာလည်း နောင်အခါ Bill အလွယ်တကူစစ်လို့ရအောင် Shortcut icon လေးတစ်ခုပါတစ်ပါတည်းဖန်တီးပေးဦးမှာပါ ။ မြန်မာ့ဆက်သွယ်ရေးထုတ် GSM/CDMA တွေအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ Android version 2.2 နှင့်အထက်ဖုန်းတိုင်းမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါမယ်။ MPT Bill Check for Android ဆော့ဝဲကို Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) မှရေးသားထားပြီး Myanmar Mobile App Store (www.myanmarmobileapp.com) ရဲ့ Software Product တစ်ခုဖြစ်ပါတယ်။ MPT Bill Check for Android ကိုအောက်က link များမှာရယူနိုင်ကြပါပြီ။

Download
=============== 



0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP