Loading...
11/13/13

IOS 7 မှာ Jailbreak လုံးဝမလိုပဲမည်သည့်နေရာတွင်မဆို မြန်မာလိုရိုက်လို့ ရပါပြီ(Copy-Paste မဟုတ်ပါ)


သည်နည်းလေးကတော့ ပန်းသီးသုံးတဲ့သူတွေသတိမထားမိတတ်ကြပါဘူး။
ပန်းသီးကို မလိမ့်တပတ်လုပ်ပီး သုံးထားတဲ့နည်းလေးပါ။ကျွန်တော်တင်တာက
မြန်မာလိုရိုက်လို့ ရတာလို့ ပြောတာနော်။ကိုယ့်ဖုန်းမှာတော့ မြန်မာလို မြင်ရအောင်
ထည့်ထားဖို့ တော့လိုတာပေါ့။

ကျွန်တော့်ဆီမှာတော့ Jail ပီးသား iDevice လေးပဲရှိလို့  အဲ့ကောင်လေးနဲ့ ပဲ ရှင်းပြ
လိုက်ပါမယ်။

ကဲ........စလိုက်ရအောင်
ပထမဦးဆုံးအနေနဲ့ ကိုယ့် iDevice မှာမြန်မာဖောင့်ထည့်ပီးသားဖြစ်ရပါမယ်။

1-Setting>>General>>Keyboard
  

2-Add New Shortcut ဆိုတာကိုရွေးပါ။

3-Phrase နဲ့  Shortcut ဆိုတာလေးကိုတွေ့ ရပါမယ်။
   Phrase  = နေကောင်းလား ( မြန်မာလိုကိုတော့ Mogok မှာဖြစ်ဖြစ် ရိုက်ပီး ပြန်ကူးပေါ့။)
   Shortcut= nkl
   ပီးရင် Save နဲ့ သိမ်းလိုက်ပါ။

ပုံမှာပြထားတဲ့အတိုင်း Shortcut အောက်မှာ "နေကောင်းလား" ဆိုတာလေးရောက်သွားပါပီ။
4-ကဲ.....စာရေးလို့ ရတဲ့ နေရာတစ်ခုခုရှာလိုက်ဗျာ။ကျွန်တော်ကတော့
   Search မှာပဲစမ်းပြလိုက်တော့မယ်။        
         
  ခုနက Keyboard ထဲမှာ shortcut လုပ်ထားတဲ့ စာလုံးလေး nkl ကိုရိုက်လိုက်။ပီးရင်
  ကိုယ်သိမ်းထားတဲ့ "နေကောင်းလား" လားဆိုတာလေးပေါ်လာပါလိမ့်မယ်။ပီးရင်
  Space တချက်ခြားလိုက်။ဒါဆို "နေကောင်းလား" ဆိုတာလေးကိုအဆင်သင့်ရိုက်လို့ ရ
  သွားပါပီ။


အောက်ကပုံကတော့နောက်ထပ် Shortcut လေးတစ်ခုထပ်ထည့်ထားတာပါ။



 5-အဲ့လိုမျိုးပဲ.......Setting>>General>>Keyboard ထဲက Add New Shortcut သုံးပီး
   ကိုယ်အများဆုံးသုံးဖြစ်တဲ့ စာလုံးတွေ ထည့်နိုင်သလောက်ထည့်ဗျာ။များများထည့်
   လေ သုံးရလွယ်လေပဲ။အဆင်ပြေပါစေ။


Credit- Heart Tree

ပို့ စ်ရေးသားသူ- Khit TaMhine

0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP