Loading...
10/15/13

Fingerprint Scanner , 5.9-Inch Display နှင့် HTC One max တရားဝင်ထွက်ရှိတော့မည်

HTC One max

အားလုံး ကောလဟာလ ကြားနေခဲ့တဲ့ အတိုင်းပဲ HTC ကနေပြီးတော့မှ HTC One Max ကို တရားဝင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ မကြာမီရက် အနည်းငယ် အတွင်းမှာ UK မှာ စတင်ရောင်းချတော့မယ်လို့ လဲ သိရပါတယ်။

HTC One Max ဟာ Qualcomm Snapdragon 800 chipset နဲ့ မလာခဲ့ ပေမဲ့ နောက်ဆုံးထွက် Android Jelly Bean 4.3 ကို အသုံးပြုထားပြီး HTC Sense 5.5 UI နဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။

ဒါ့အပြင် Fingerprint Scanner ကို နောက်ဖက်ကင်မရာရဲ့ အောက်ဘက်မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒီလင့်မှာ ပုံကို သွားရောက် ကြည့်ရှုနိုင်ပါတယ်။

၎င်း HTC One Max Phablet ဟာ နောက်ဖက်ကင်မရာကို 4.0 Ultrapixel, F/2.0, 28mm lens, autofocus, LED flash တိုနဲ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ Video Recording အနေနဲ့ full HD အကြည် (1080p@30fps သို့မဟုတ် 720p@60fps) ကို Record လုပ်နိုင်တယ်လို့ သိရပါတယ်။
ရှေ့ဖက်မှာတော 2.0 Megapixel ရှိတဲ့ ကင်မရာကိုအသုံးပြုထားပါတယ်။

ဖုန်းရဲ့ အရွယ်အစားဟာ ၅.၉ လက်မ ရှိပြီး ကျစ်လစ်တဲ့ Super LCD3 Touch Screen Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Full HD (1920 x 1080 pixels) resolution ကို ရရှိမှာဖြစ်ပြီး Pixel သိပ်သည်းစ 373ppi ရှိတယ်လို့လဲ သိရပါတယ်။ဒီလင့်မှာ အသေးစိတ် ပုံကို တစ်ချက်ကြည့်ရှု နိုင်ပါတယ်။

၎င်း HTC One Max ဟာ 2GB RAM, Adreno 330 Graphics ယူနစ် , ကိုအသုံးပြုထားပြီးမောင်းနှင် အင်ဂျင်ဟာ 1.7GHz ရှိတဲ့ quad-core Qualcomm Snapdragon 600 processor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

HTC One Max ကို 16GB နဲ့ 32 GB ဆိုပြီး နှစ် မျိုး ထွက်ရှိမယ်လို့ သိရပါတယ်။ ၂ မျိုးလုံးမှာ  microSD card slot ပါဝင်မှာ ဖြစ်ပြီး 64GB အထိ နောက်ထပ် ထပ်မံသိုလှောင်နိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး One Max ၀ယ်ယူသူများ အနေနဲ့ Google Drive ကနေပြီးတော့မှ Storage 50GB ကို Free ရနိုင်ဦးမှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။

၎င်း One Max ဟာ အတိုင်းအတာအားဖြင့် 164.5 x 82.5 x 10.29mm ရှိပြီး Battery အပါအ၀င် 217 ဂရမ် အလေးချိန်ရှိတယ်လို့လဲ သိရပါတယ်။ One Max ဟာ Aluminum Body ကို အသုံးပြုပြီး ဖြုတ်လဲ တပ်ဆင်နိုင်တဲ့ နောက်ကျော အဖုံးနဲ့ လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

HTC One Max ဟာ ဆိုရင် Taiwanese handset maker က နေထုတ်လုပ်လိုက်တဲ့ ပထမ အရေး အပါဆုံး Smart Phone ဖြစ်နေသယောင် ရှိပါတယ်။
One Max မှာ Beat Audio မပါဝင်တော့ ပေမဲ့ ၄င်းတို့ ကိုယ်ပိုင် ဖြစ်တဲ့ BoomSound လို့ ခေါ်တဲ့ အသံနည်းပညာ ထည့်သွင်းထားတယ်လို့ လဲ သိရပါတယ်။

အသေးစိတ် စတင် ထုတ်ဝေမဲ့ ရက် နဲ့ ဈေးနှုန်း ဘယ်လောက် ရှိတယ် ဆိုတာတော့ မသိရသေးပါဘူး။ မကြာခင် Specification အတိအကျ ကြေငြာချက် ထုတ်ပြန်ပေးသွားပါ့မယ်။

HTC One Max ဟာ 3,300 mAh Li-Ion battery ကို အသုံးပြုထားတာကြောင့် standby အနေနဲ့ထားရင် 585 နာရီ အထိ ထားနိုင်ပြီး စကားပြောမယ်ဆိုရင်တော့ 28 နာရီ အထိ ပြောလို့ ရတယ်လို့သိရပါတယ်။
ဒါပေမဲ့ Battery ဟာ ဖြုတ်လဲလို့ ရ၏ မရ၏ ဆိုတာကို တော့ အခုထိ ဘယ်သူမှ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။

Source : Softpedianews
Writer : SteelJelly
Credit link : http://www.share4mm.com/2013/10/fingerprint-scanner-59-inch-display-htc.html

0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP