Loading...
9/14/13

အံသြသင့်ဖွယ် ဖြစ်ခဲ့ရတဲ့ Now You See Me 2013 Review [HD Download ရယူနိုင်]


J. Daniel Atlas , Henley Reeves , Jack Wilder , and Merritt McKinney တို့ဟာထူးဆန်းတဲ့ Tarot ကတ်ဒ်တွေရဲ့လမ်းညွှန်မှုကတစ်ဆင့်ဆုံစည်းမိသွားကြတဲ့မျက်လှည့်စရာလေးယောက်ဖြစ်ပါတယ်။ 


နောက်တစ်နှစ်အကြာမှာတော့သူတို့ လေးယောက်ဟာ The Four Horsemen ဆိုပြီး Las Vegas မှာမျက်လှည့်ပွဲတစ်ခု ပြသခဲ့ကြပါတယ်။မျက်လှည့်ပွဲရဲ့ နောက်ဆုံးမှာတော့ပရိသတ်တစ်ယောက်ကိုစင်ပေါ်ကိုတက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ပြကွက်ကတော့ပရိသတ်ကို လေပြွန်တစ်ခုထဲကိုထည့်လိုက်ပြီး Paris ကဘဏ်တစ်ခုဆီကို ရောက်သွားစေပါတယ်။အဲ့ဒီ့နောက်မှာတော့အဲ့ဒီဘဏ်ကပိုက်ဆံတွေကို Las Vegas က ပြပွဲဆီ ပြန်သယ်လာပြီးပရိသတ်တွေထဲကိုကျဲချလိုက်ပါတော့တယ်။
ဒီကိစ္စကိုသိရှိသွားတဲ့ FBI စုံထောက် Dylan Rhodes နဲ့  အင်တာပို Agent Alma Dray တို့ဟာသူတို့ လေးယောက်ကိုလာရောက်ဖမ်းဆီး ပြီးစစ်ဆေးပါတော့တယ်။ဒါပေမယ့်မှော်ပညာလို့အကြောင်းပြရုံမှတပါးခိုင်လုံတဲ့သက်သေအထောက်အထားတစ်ခုမှမရှိတဲ့အတွက်သူတို့ လေးယောက်ကို ပြန်ပြီးလွှတ်ပေးလိုက်ရပါတော့တယ်။
အဲ့ဒီ့အချိန်မှာပဲ Rhodes ဟာ Thaddeus Bradley လို့ ခေါ်တဲ့မျက်လှည့်ဆရာဟောင်းတစ်ယောက်နဲ့ဆုံမိပါတော့တယ်။ Thaddeus Bradley ဟာမျက်လှည့်ဆရာတွေပြသတဲ့မျက်လှည့်ပြကွက်တွေရဲ့လျှို့ဝှက်ချက်တွေကိုထုတ်ဖော်ပြီးအသက်မွေးဝမ်းကြောင်းပြနေသူပါ။


အဲ့ဒီ့နောက်မှာတော့ Rhodes , Dray နဲ့  Bradley တို့ဟာ The Four Horsemen ရဲ့ဒုတိယပွဲဖြစ်တဲ့ New Orlens ကပွဲကိုသွားပြီးကြည့်ရှုကြပါတော့တယ်။အဲ့ဒီပွဲမှာလည်းထုံးစံအတိုင်း နောက်ဆုံး ပြကွက်အနေနဲ့  
Tressler ဘဏ်က ငွေတွေကို ဖောက်ထွင်းပြီးပရိသတ်တွေဆီကိုကြဲချလိုက်ပြန်ပါတယ်။
ပြပွဲအပြီးမှာ Rhodes ဟာ The Four Horsemen အဖွဲ့ဝင်တွေအားလုံးကို Tressler ဘဏ်ဖောက်ထွင်းမှုနဲ့ဖမ်းဆီးလိုက်ပါတယ်။ဒါပေမယ့်လည်း The Four Horsemen လေးယောက်လုံးလွတ်မြောက်သွားပါတယ်။
နောက်ဆုံးမှာတော့ The Four Horsemen ရဲ့ နောက်ကွယ်မှာ The Eye ဆိုတဲ့လျှို့ဝှက် မှော်ဂိုဏ်းတစ်ခုရှိနေတယ်ဆိုတာကိုရှာဖွေတွေ့ရှိသွားပါတယ်။ 
ဒီလိုနဲ့  The Four Horsemen ရဲ့ နောက်ဆုံး ပြပွဲဖြစ်တဲ့ New York ပွဲ ရောက်ရှိလာပါတယ်။
Rhodes , Dray
နဲ့   Bradley တို့ကလည်း The Four Horsemen ကိုဖမ်းဆီးဖို့အသင့်ဖြစ်နေပါပြီ။
ကဲ The Four Horsemen အဖမ်းခံရမှာလား?
အဖမ်းမခံဘဲလွတ်သွားဦးမှာလား ?
ကြည့်သင့်တဲ့ရုပ်ရှင်ကားတစ်ခုပါ။

Online ပေါ်မှာ ကြည့်ရှု ချင်တယ် ဆိုရင်တော့ အောက်ပါလင့်မှာ Download ရယူ ကြည့်ရှု နိုင်ပါတယ်.. HD ကို တင်ပေးထားပါတယ်..

http://download.com/movies/now-you-see-me

Ref: MovieRelaz
TechMilo[www.facebook.com/TechMilo]

0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP