Loading...
9/16/13

ခံစားမှု ရသ အပြည့် ပေးစွမ်းခဲ့တဲ့ Monsters University 2013 Movie Review [720P HDrip အကြည် Download လုပ်နိုင်ပြီ]

Download Monsters University 2013 TSmkv [400MB]

Michael “Mike” Wazowski ဆိုတာ ခြောက်နှစ်သား အရွယ်ရှိတဲ့ Monster လေးတစ်ယောက်ဖြစ်ပါတယ် ။ တနေ့တော့ Monsters Inc. လို့  ခေါ်တဲ့ Scaring Company တစ်ခုကို ကျောင်းခရီးစဉ်တစ်ခု အနေနဲ့ သွားခဲ့ရပါတယ် ။ အဲ့ဒီ့ Company မှာ Frank McCay လို့ ခေါ်တဲ့ Scarer တစ်ယောက်အနေနဲ့ အလုပ်လုပ်တဲ့ Monster တစ်ကောင်နဲ့ဆုံခဲ့ရပါတယ် ။  Monster ကမ္ဘာရဲ့ မရှိမဖြစ် ခွန်အားတွေဖြစ်လာမယ့် လူတွေရဲ့ ကြောက်လန့်တကြားအော်သံတွေထွက်အောင် ခြောက်လှန့်တဲ့ Scarer တစ်ကောင် ဖြစ်ပါတယ်။ Franks ကို အတုယူပြီး ခြောက်လှန့်ပြလိုက်တဲ့ Mike ကို သဘောကျသွားပြီး အမှတ်တရပစ္စည်းတစ်ခုအနေနဲ့  Franks ဟာ သူ့ရဲ့  Monsters University က ရခဲ့တဲ့ ဦးထုပ်ကလေးကို ပေးလိုက်ပါတယ် ။ အဲ့ဒီ့အချိန်ကစပြီး Mike ဟာ သူကြီးလာရင် Scarer တစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်တွေချခဲ့ပါတယ် ။
 
ဆယ့်တစ်နှစ်အကြာမှာတော့ Mike ဟာ Monster University ကို Scare Major ကျောင်းသား အဖြစ် ရောက်ရှိလာခဲ့ပါတယ် ။
ကျောင်းရဲ့ ပထမဆုံး အတန်းချိန် Mike ဟာ မေးခွန်းတစ်ခုကိုဖြေနေတုန်းမှာပဲ Sully Sullivan ဆိုတဲ့ အပြာရောင် Monster ကြီးတစ်ကောင်ရဲ့ နှောက်ယှက်မှုကို ခံလိုက်ရပါတယ် ။ အတန်းချိန်အတွင်းမှာ Scare Program ရဲ့  ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Abigail Hardscrabble ဟာ ဒီ စာမေးပွဲမအောင်ရင် Scare Program က ထွက်ရမှာဖြစ်ကြောင်းသတိပေးခဲ့ပါတယ် ။
 တစ်ညမှာတော့ Sullivan ဟာ Mike ကို သူတို့ရဲ့ ကျောင်းတွင်းအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Roar Omega Roar ထဲကို ၀င်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။ Mike ရဲ့ ငြင်းပယ်လိုက်မှုကြောင့် နဂိုကတည်းက မတည့်တဲ့ အခံရှိတဲ့ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေအသွင်ဖြစ်ခဲ့ရပါတယ် ။
Mike ဟာ စာကိုသည်းကြီးမည်းကြီး ကြိုးစားတယ် ။ Sullivan ကတော့ လက်တွေ့ လုပ်မှသာ စာမေးပွဲ အောင်မယ်လို့ ခံယူထားတဲ့သူတစ်ယောက်ဖြစ်လို့ လက်တွေ့များများလုပ်တယ် ။စာမေးပွဲ နီးလာတာနဲ့ အမျှ သူတို့ရဲ့ ပြိုင်ဆိုင်မှုက ပိုပြီး ကြီးထွားလာပါတယ် ။ ဒီလိုပြိုင်ဆိုင်မှုတွေကြောင့်လည်း သူတို့နှစ်ယောက်လုံး စာမေးပွဲ ကျသွားခဲ့ပါတယ် ။
နှစ်ယောက်လုံး Scare Program က ထွက်ရတော့မယ့် အချိန်မှာ Sullivan ဟာ သူတို့ရဲ့  အရည်အချင်းတွေကို Scare Game မှာ ပြသဖို့ဆုံးဖြတ်လိုက်ပြီး Mike နဲ့  အတူ တွဲလုပ်ဖို့ တိုင်ပင်ပါတော့တယ် ။
Scare Game မှာ ၀င်ပြိုင်ဖို့  အတွက် ကျောင်းမှာ နာမည်မကြီးတဲ့ Oozma Kappa ဆိုတဲ့ အဖွဲ့ အစည်းသေးသေးလေးထဲကိုဝင်ခဲ့ပါတယ် ။
အဲ့ဒီ့နောက်မှာတော့ Scare Program ရဲ့  ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Hardscrabble ဆီကိုသွားပြီး အပေးအယူတစ်ခုလုပ်ခဲ့ပါတယ် ။ အပေးအယူကတော့ Scare Game မှာနိုင်ရင် Scare Program မှာ Mike နဲ့  Sullivan တို့ကို ပြန်ပြီး လက်ခံရမယ် ။ ရှုံးရင်တော့ နှစ်ယောက်လုံး ကျောင်းက ထွက်သွားရမယ် ပေါ့ ။
 
ကဲ Mike က ကော ကျောင်းမှာ ဘာအစွမ်းအစမှမရှိတဲ့ Oozma Kappa Team ကို ဘယ်လို Train ပေးမှာလဲ ?
သူတို့နှစ်ယောက် Scare Game ကို အောင်နိုင်ပါ့မလား?
ဘယ်လို စည်းလုံးမှုမျိုးတွေနဲ့  Scare Game ကိုအောင်မြင်သွားမှာလဲ ?

ဒါမှမဟုတ် လူစွမ်းကောင်းများလွန်းတဲ့ Scare Game မှာ ရှုံးနိုင်ပြီး ကျောင်းကပဲ ထွက်သွားရမလား?

နာမည်ကျော် Pixer Animation Studio နဲ့  Walt Disney တို့က ထုတ်လုပ်ထားတဲ့ 3D Animation Movie လေးပါ ။

အားလုံးပဲ လက်လွတ်မခံသင့်တဲ့ Monsters University 2013 ပါ။ အရမ်းကို ကြည့်ကောင်းလှပါတယ်။ သည်းထိုက်ရင်ဖိုလေးဖြစ်ပြီး။အားကျ အတုယူဖွယ်လေးလဲဖြစ်ပါတယ်။

အကယ်လို့ 720P HDrip ကို Download ရယူချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ Download ရယူနိုင်ပါပြီ။ အားလုံးပဲ Resume link ကောင်းကောင်းနဲ့ Download ရယူနိုင်ပါတယ်။

Download Monsters University 2013 720P HDrip >>

http://download.com/movies/monsters-university-2013-hdrip

Ref: MovieRelaz
Tech Milo : Online Magazine >> https://www.facebook.com/TechMilo?ref=hl

Credit Link -  http://www.techmilo.tk/2013/09/monsters-university-2013-movie-review.html


0 မှတ်ချက်များ:

Post a Comment

အပေါ်က ကြော်ငြာလေးတွေကို အဆင်ပြေရင် ကလစ် ပေးခြင်းဖြစ်ကူညီပါ ခင်ဗျာ

ကျေးဇူးတင်ပါတယ်


အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုလျှက် အမျိုးကောင်းသား

Labels

 
TOP